Skip to content

Instantly share code, notes, and snippets.

@eimg
eimg / easy-react.md
Last active October 18, 2025 07:32
Much Easier Approach to React

Much Easier Approach to React

စိတ်ဝင်စားတဲ့သူများနေလို့ လေ့လာကြည့်ပေမယ့် "React က ခက်လိုက်တာ" လို့များတွေးနေသလား? တစ်ကယ်တော့ React က မခက်ပါဘူး။ ရေးနည်း တွေးနည်းတွေက မူလရိုးရိုး ရေးနည်းတွေးနည်း စနစ်တွေကနေ လုံးဝပြောင်းသွားလို့ "ပြောင်းရခက်နေတာ" ပါ။ Official Documentation နဲ့ အင်တာနက်က Tutorial တွေလေ့လာကြည့်လိုက်ရင်လည်း -- ES6 တွေ၊ Arrow Function တွေ၊ Class တွေ၊ JSX တွေနဲ့ ဟိုကနေဒီရောက်၊ ဟိုကနေဒီရောက် ဖြစ်နေပြီး -- သူတို့ရှင်းပြမှ ပိုရှုပ်သွားတယ် ဆိုသလို ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီပို့စ်မှာ React ကို ချည်းကပ်ပုံတစ်မျိုးနဲ့ ပြောင်းလဲဖော််ပြပေးသွားမှာပါ။ ကျွန်တော်ပို့ချနေတဲ့ Rockstar Developer Course က သင်တန်းသူ သင်တန်းသားတွေကို ဒီနည်းနဲ့ သင်မယ်လို့ ရည်ရွယ်ထားပေမယ့် လက်တမ်း ချသင်ကြည့်တဲ့အခါ သိပ်အဆင်မပြေလို့ အခုလိုစာအဖြစ် ရေးသားလိုက်တာပါ။ JavaScript အခြေခံရှိသူ မည်သူမဆို နားလည်ပြီး စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။

Plain JavaScript

ဘာ Library, ဘာ Framework မှ မပါတဲ့ ရိုးရိုး JavaScript နဲ့ HTML Element တစ်ခုတည်ဆောက်မယ်ဆိုရင် အခုလို တည်ဆောက်နိုင်ပါတယ်။