Skip to content

Instantly share code, notes, and snippets.

View htunlinnkyaw's full-sized avatar

htunlinnkyaw htunlinnkyaw

View GitHub Profile
@htunlinnkyaw
htunlinnkyaw / functional-programming.MD
Created November 8, 2024 06:19 — forked from eimg/functional-programming.MD
Functional Programming - လိုတိုရှင်း

Functional Programming - လိုတိုရှင်း

Programming ကို လေ့လာကြသူအများစုဟာ Procedural Programming (သို့မဟုတ်) Object-Oriented Programming (OOP) ရေးနည်းတွေနဲ့ စတင်လေ့လာခဲ့ကြတာ များပါတယ်။ System Level Language အများစုဟာ Procedural Language တွေဖြစ်ကြပါတယ်။ C, Go, Rust, Zig စသည်ဖြင့်။ Application Level Language အများစုကတော့ OOP Language တွေများပါတယ်။ Java, C#, Python, Ruby, PHP, JavaScript စသည်ဖြင့်။

Functional Programming ကိုတော့ လေ့လာသူတွေ ထိတွေ့မှုနည်းကြပါတယ်။ ဒါပေမယ့် ကနေ့ခေတ်မှာ Functional Programming ဟာ အလွန်အရေးပါတဲ့ ရေးနည်းတစ်ခုဖြစ်နေသလို စောစောက ပြောခဲ့တဲ့ Language အများစုကလည်း Functional Programming ရေးနည်းကို အပြည့်မရပေမယ့် နည်းနည်းတော့ Support လုပ်ကြပါတယ်။

Functional Programming ရေးနည်းကိုပဲ အဓိကထားတဲ့ Language တွေလည်း ရှိကြပါတယ်။ Lisp, Haskell, Erlang, Elixir, Scala, F# စသည်ဖြင့်။

ကနေ့ခေတ်မှာ Functional Programming ရဲ့ အခန်းကဏ္ဍဟာ တစ်နေ့တစ်ခြား ပိုအရေးပါလာတဲ့အတွက် မူလက Procedural Language တွေ OOP Language တွေနဲ့ လေ့လာခဲ့ကြသူတွေဟာ Functional Programming ကိုလည်း အသုံးချနိုင်ဖို့ လိုအပ်လာကြပါတယ်။

@htunlinnkyaw
htunlinnkyaw / typescript.md
Created November 8, 2024 06:19 — forked from eimg/typescript.md
TypeScript - လိုတိုရှင်း

TypeScript - လိုတိုရှင်း

JavaScript ဟာ Dynamic Type Language တစ်ခုပါ။ Data Type တွေကို Language က လိုသလို အလိုအလျှောက် ပြောင်းလဲအလုပ်လုပ်ပေးတဲ့အတွက် ရေးသားသူက Type ကိစ္စ သိပ်ခေါင်းစားနေစရာမလိုဘဲ ရေးစရာရှိတဲ့ကုဒ်တွေကို ခပ်မြန်မြန် ရေးသွားလို့ရပါတယ်။

let value;        // undefined
value = "Alice";  // string
value = 42;       // number
value = true;     // boolean